18 October 2008

ကိုယ်ကျိုးမနည်းဘူလား

အားမှလုပ်မယ်၊ အားမှလုပ်မယ်ဆိုပြီး အားရက်စောင့်မယ်ဆိုရင် ခေါင်း(အလောင်းပုံး) ထဲဝင် မယ့်နေ့ပဲ။ ဒီလိုဖြစ်မယ်ဆိုရင် အားရက်ကိုမစောင့်နဲ့တော့။ ဒီကနေ့သည်ကိုယ့် အတွက် နောက်နေ့သည် ကိုယ့်အတွက်မဟုတ်ဘူးလေ။ အနာဂတ်ဆိုတာမသေ ချာဘူးတဲ့။ မတော် ကွေးသောလက်မဆန်ခင်၊ ဆန့်သောလက်မကွေးခင် ဆိုသလို ညသေသွားဘယ့်နှယ်လုပ်မလဲ။ ကိုယ်ကျိုးမနည်းဘူးလား။
ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး

17 October 2008

နှလုံးအားဆေး

၁.ငါ့ကိုယ်ငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လိုထင်တယ်ဆိုတာကို ဂရုစိုက်နေဖို. မလိုဘူး။

၂.ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများ ကိုယ့်ကို အထင်သေးတာကို ဂရုမ စိုက်ဘူး။ ကိုယ့်ကိုယ် ကို ကျေနပ်နေတဲ့သူဟာ သူများ ဘာပြောပြော ခံနိုင်တယ်။

၃.သူများကို ဘယ်လိုလူစားလို. ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို. ဖေါ်ပြနေတာနဲ. တူတယ်။

၎.တကယ် ကြီးကျယ်တဲ့၊ ထိရောက်တဲ့၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံးရတဲ့ လုပ်၊ ကိုယ့်အ ရည်အချင်းတွေလည်း အများဆုံးထုတ်ပြီးသုံးရတဲ့ အလုပ်ကို လုပ်မယ့်သူ ဟာ အသေးအမွှား အဆိုး တွေကို တွေးဖို. မသင့်ဘူး။

၅.ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။

၆.စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။ သတိနဲ.နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။

၇.ငွေကလွဲလို. တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကို ရောင်းစားတာနဲ. တူတယ်။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ.အရည်အချင်းကိုဖေါ်ပြနိုင် ရမယ်။

(ဆရာတော်ဦးဇောတိက၏ စိတ်နှလုံး ရွှင်လန်းစေဖို. မှ)

အချစ်အကြောင်း

အချစ်ဟာ အပေးအယူပဲ၊ ကိုယ့်ကတောင့်တတဲ့အရာကိုသူကပေးပြီး သူကလိုအပ်နေတဲ့အရာ ကိုကိုယ်က ဖြည့်ဆည်းပေးခြင်းပဲ၊ ဒါပေမဲ့ သံယောဇဉ် ဆိုတဲ့ကြိုးဟာ ချည်ရလွယ် ပေမဲ့ဖြေ ရခက်တယ် နော်၊ ချည်ချင်တိုင်းချည်လို.ရပေမဲ့ဖြေချင်တိုင်းဖြေလို.မရဘူး။ ဦးနှောက်ကပေါက် ဖွားတဲ့အချစ်ကတော့ မပြောမဆို ရက်ရက်စက်စက်ကြီး ခွဲသွားတတ်ပေမဲ့ ၀မ်းနဲစရာမလိုပဲ ကံကိုသာ ရိုးမယ်ဖွဲ. ရမှပေါ့၊ အချစ်ကပူလောင်တဲ့အရာမျိုးဖြစ်ပေမဲ့ သုံးတတ်ရင်တော့ မီးလိုပဲ အကောင်းနဲ့အဆိုး ဒွန်တွဲနေပါတယ်၊ အချစ်ကို ပေါ့တိပေါ့စလုပ်ရင် မီးလောင်သလိုလောင် တတ်တယ်၊ အခက်မသင့်ရင် ဘ၀တစ်ခုလုံးကို ပျက်စီးသွားတတ်ပါတယ်၊

ပြုလုပ်တဲ့အရာမှန်သမျှတို်င်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုရှိပါတယ်။
သစ်ပင်မှန်ရင်အမြစ်ရှိ သလို လူမှန်ရင်အချစ်ရှိပါတယ်၊
ထမင်းဆာဆာဝမ်းဟာဟာနေရသည့်အချိန်မျိုးတွင် အချစ်သည်အရေးကြီးသော ကိစ္စမဟုတ်တော့ပါ၊
အချစ်စစ်နှင့်အချစ်တုခွဲခြား၍ သိနိုင်သောအချိန်ကား မုန်းသောအချိန်ပင်ဖြစ်သည်။ (ရှိတ်စပီးယား)
အချစ်နှင့် ပတ်သတ်လာရင်လူတွေအားလုံးအရှုးတွေသာတည်း၊