ငါမုန်းတယ်၊ဝေးကွာခြင်းကို
ယူဆောင်လာတဲ့ သဝန်တိုမှုရဲ့
သံသယလေးတွေ ငါမုန်းးတယ်။
ငါမုန်းတယ်၊အခါလွန်မိုး
သွန်းဖြိုးရွာချ၊နောက်ကျသွားတဲ့
နောင်တအချစ်တွေ ငါမုန်းးတယ်။
ငါမုန်းတယ်၊စည်းမဖောက်ချင်ဘူး၊
အကြောင်းပြချက်နဲ့ မဝံ့ရဲခဲ့တဲ့
သိမ်ငယ်စိတ်တွေ ငါမုန်းတယ်။
ငါမုန်းတယ် အလွမ်းတေးသွား
ရင်လွယ်ထားတဲ့ ငါနှလုံးသားကို
ငါမုန်းတယ်။
ကိုချို
15 November 2008
10 November 2008
သြော်..ဖိုက်တင်းဘော
တစ်ခါက မက္ကဆီကိုနိုင်ငံ စားသောက်ဆိုင်တစ်ခုမှာ ဘာများမှာစားရပါ့မလဲလို့  ထိုင်ပြီး
စဉ်းစားနေတဲ့ အမျိုးသားတစ်ယောက်ဟာ စားပွဲထိုးတစ်ယောက်ဖြတ်လျှောက်အသွား
သယ်ဆောင်ထားတဲ့ ပန်းကန်ပြားထဲက ရှောက်သီးအရွယ် အသားတုံးကြီး ၂ လုံး ကို
မြင်လိုက်တော့မှ စားပွဲထိုးကို ခေါ်ပြီး “ အဲဒါမှ ငါစားချင်တာ” လို့ အားပါးတရ ပြောလိုက်တော့
စားပွဲထိုးက “ဝမ်းနည်းပါတယ် ဆရာ.ဒါက စပါယ်ရှယ် ဟင်းလျာပါ..တစ်နေ့ မှ တစ်ပွဲသာ မှာလို့ ရပါတယ်”
လို့ ဖြေပါတယ်။
အဲဒီအခါ အမျိုးသားက “ဟေ-ဘယ်လို စပါယ်ရှယ်မို့ လို့ တုံး” လို့ ပြန်မေးတော့
“ဒီလိုပါဆရာ-ဒီနေ့ နွားရိုင်းသတ်ပွဲမှာ ဆုံးသွားတဲ့ နွားရိုင်းရဲ့ ဖိုက်တင်းဘောပေါ့ ဆရာ..ဒီမှာတော့
ပေါ်ပြူလာအဖြစ်ဆုံး ဟင်းလျာပေါ့ ကြိုတင်ဘိုကင်လုပ်ထားရပါတယ်” လို့ စားပွဲထိုးက ပြန်ဖြေပါတယ်။
“ကဲ-ဒါဖြင့်လဲ နောက်မှာ ရမဲ့နေ့ က ဘယ်နေ့ လဲ” လို့  မေးပါလေရော စားပွဲထိုးက မှတ်စုစာအုပ်ထုတ်ကြညပြီးမှ
“အင်္ဂါနေ့ ” လို့ ပြောတော့ “ဒါဖြင့်ရင် ငါ့အတွက် အင်္ဂါနေ့ စာရင်း ထည့်ထားကွာ” ဆိုပြီး တောင့်တခြင်းကြီးစွာနဲ့ 
စောင့်ဆိုင်းနေတဲ့ စားသုံးသူများ ရှေ့ မှောက် သယ်ဆောင်သွားတဲ့ အသားတုံးကြီးတွေကိုပဲ နေ့ စဉ်ငေးမျှော်
ကြည့်နေရှာတာပေါ့။ ။
နောက်ဆုံးတော့ သူချိန်းထားတဲ့ အင်္ဂါနေ့  ရောက်လာပါလေရော - ဒါကြောင့် အမျိုးသားခမြာ ထိုင်နေကျ
စားပွဲမှာ စိတ်လူပ်ရှားစွာနဲ့ ထိုင်ပြီး “ငါ့ စပါယ်ရှယ်လေး လိုချင်ပါပြီ” လို့ မှာပြီး မျှော်လင့်ခြင်းစွာနဲ့  ငံ့လင့်နေပါသတဲ့...
ဒါပေမယ့် စားပွဲထိုးလဲ ရောက်လာရော ပန်းကန်ပြားထဲက စပျစ်သီးသာသာ အသားတုံးလေး ၂ တုံးကို မြင်လိုက်ရတော့
ခမြာ-“ဟေ..ဒါဘာလုပ်တာလဲကွ” လို့ မေးမိပါရော ဒီတော့ စားပွဲထိုးက
“ဝမ်းနည်းပါတယ်ဆရာ ဒါပေမဲ့ ဒီလိုပါ နွားရိုင်းလည်း နေ့ တိုင်း အရှုံးချည်း မကြုံပါဘူး..ကနေ့ သူနိုင်တဲ့နေ့ ပါ ဆရာ”
လို့  ပြန်ဖြေလိုက်ပါသတဲ့။ ။
ဘဝမှာ ဒီလိုပါပဲ..အမြဲ အနိုင်၊အမှန်၊အကောင်းချည်းပဲ ရမှာ မဟုတ်သလို အရှုံး၊အမှား၊အဆိုးလည်း အမြဲ မလာတတ်ပါဘူး
အနိုင် ရရင် ပြုံးပြသလို ရုံးတဲ့အခါ ခံနိုင်ရည်ရှိအောင် ကြိုးစားရမယ်.. အမှန် ရရင် ကျေနပ်ဝံ့ကြွားသလို မှားတဲ့အခါ စိတ်ကိုဖြေသိမ့်နိုင်ရမယ်..အကောင်း ဖြစ်ရင် ကြည်နူးပီတိရသလို အဆိုး ကိုလည်း လက်ခံနိုင်ရမယ်..
အမြဲ ဒွန်တွဲနေတဲ့ လောကနိယာမ တရားကို လက်ကိုင်ကျင့်သုံးနိုင်ြကပါစေ...

09 November 2008
အချစ်ကို တပ်ဆင်ခြင်း
အင်ဂျင်နီယာ ။ ။ “ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။”
ဧည့်သည် ။ ။ “နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။
ဘယ်လိုတပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။
အင်ဂျင်နီယာ ။ ။ “ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။”
ဧည့်သည် ။ ။ “ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ. ဒါပေမဲ့ နည်းပညာတွေကို
သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။”
အင်ဂျင်နီယာ ။ ။ “ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။
နှလုံးသားကို ရှာတွေ့ပြီလား။”
ဧည့်သည် ။ ။ “တွေ့ပါပြီ။ ဒါပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာတွေ့ရတယ်။
သူတို့အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။”
အင်ဂျင်နီယာ ။ ။ “ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။”
ဧည့်သည် ။ ။ “အင်း… ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊
မနာလို ၀န်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။
အင်ဂျင်နီယာ ။ ။ “ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ်
ဒဏ်ရာဟောင်းကို စစ်စတန် (system) ကနေ ဖျက်လိုက်မှာပါ။
အဲဒီ ဒဏ်ရာဟောင်းက မှတ်ဥာဏ် (memory) ထဲမှာ ကျန်ချင်ကျန်ခဲ့လိမ့်မယ်။
ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။
အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။
မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။
နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။
သူတို့ကို ပိတ်ပစ်နိုင်မလား ”
ဧည့်သည် ။ ။ “သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား”
အင်ဂျင်နီယာ ။ ။ “ရပါတယ်… ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း (run) လိုက်ပါ။
မနာလို ၀န်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်သလဲလဲရမ်းပေးပါ”
ဧည့်သည် ။ ။ “ကောင်းပြီလေ…အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန်ဟုတ်ပါသလား”
အင်ဂျင်နီယာ ။ ။ “ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။
အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွားနိုင်တယ်။”
ဧည့်သည် ။ ။ “ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား?
အချစ်ပရိုဂရမ်ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?”
အင်ဂျင်နီယာ ။ ။ “စိတ်မပူပါနဲ့…အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ အလုပ်စလုပ်တယ်လို့ ပြောတာပါ။
လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ”
ဧည့်သည် ။ ။ “ဒါဆို ဘယ်လိုလုပ်ရမလဲ။”
အင်ဂျင်နီယာ ။ ။ “ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။
ဒီဖိုင်ထဲက “ကိုယ့်ကို ခွင့်လွတ်မူ” “ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ” နဲ့
“ကိုယ်လိုချင်တဲ့ ကန့်သတ်မူ” ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး
ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။
ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်ပစ်လိုက်ပါ။
နောက်ပြီး (recycle bin) ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ”
ဧည့်သည် ။ ။ “အင်း..ကောင်းပါပြီ။
နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ…
စခရင် မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။
“တည်ငြိမ်ခြင်း” နဲ့ “စစ်မှန်ခြင်း”က နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။
ဒါဟာ ပုံမှန် ဟုတ်ပါသလား”
အင်ဂျင်နီယာ ။ ။ “ပုံမှန်ပါပဲ…တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။
တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။
စတင် အလုပ်လုပ်နေပြီ။
အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်တဲ့ ဖရီးဆော့ဝဲလ် တစ်ခုလို့
ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဝဲလ်နဲ့ သူ့ထဲက ဖိုင်တွေကို တခြားလူနဲ့
မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်း တခြားလူတွေကို ထပ်ပြီး မျှဝေပေးကြမှာပါ။
နောက်ဆုံး အရမ်းကောင်းတဲ့ ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ”
ဝန်ခံချက် ။ ။ forward mail တစ်ခုမှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။

Subscribe to:
Posts (Atom)