ငါမုန်းတယ်၊ဝေးကွာခြင်းကို
ယူဆောင်လာတဲ့ သဝန်တိုမှုရဲ့
သံသယလေးတွေ ငါမုန်းးတယ်။
ငါမုန်းတယ်၊အခါလွန်မိုး
သွန်းဖြိုးရွာချ၊နောက်ကျသွားတဲ့
နောင်တအချစ်တွေ ငါမုန်းးတယ်။
ငါမုန်းတယ်၊စည်းမဖောက်ချင်ဘူး၊
အကြောင်းပြချက်နဲ့ မဝံ့ရဲခဲ့တဲ့
သိမ်ငယ်စိတ်တွေ ငါမုန်းတယ်။
ငါမုန်းတယ် အလွမ်းတေးသွား
ရင်လွယ်ထားတဲ့ ငါနှလုံးသားကို
ငါမုန်းတယ်။
ကိုချို
No comments:
Post a Comment